"သင်ရောက်ခဲ.ဖူးသော ဒေသများ"

"သင်ရောက်ခဲ.ဖူးသော ဒေသများ"

ငရဲကြီး ရှစ်ထပ်ကား ဤသို့တည်း။

၁။ သိဉ္ဇိုးငရဲကြီး နှစ်(၅၀၀)
လူနှစ် ၉-သန်း သိဉ္ဇိုးငရဲ တရက်
လူနှစ် ၂၇၀-သန်း သိဉ္ဇိုးငရဲ တလ
လူနှစ် ၃၃၄၀-သန်း သိဉ္ဇိုးငရဲ တနှစ်
လူနှစ် ၁၆၂၀၀-သန်း သိဉ္ဇိုးငရဲ တဘဝ။

(ဆောင်) အမျက်စောင်းမာန်၊ ရက်စက်ပြန်၊ ရောက်ရန် သိဉ္ဇိုးမှာ။

၂။ ကာလသုတ်ငရဲကြီး နှစ်(၁၀၀၀)
လူနှစ် ၃-ကုဋေ ၆-သန်း ကာလသုတ်ငရဲ တရက်
လူနှစ် ၁၀၀-သန်း ကာလသုတ်ငရဲ တလ
လူနှစ် ၁၂၆၆-သန်း ကာလသုတ်ငရဲ တနှစ်
လူနှစ် ၁၂၉၆၀၀၀၀-သန်း ကာလသုတ်ငရဲ တဘဝ။

(ဆောင်) သူတော်ရဟန်း၊ ပြောညှဉ်းပန်း၊ ဆဲခန်း ကာဠမှာ။

၃။ သင်္ဃာတငရဲကြီး နှစ်(၂၀၀၀)

လူနှစ် ၁၄-ကုဋေ ၄-သန်း သင်္ဃာတငရဲ တရက်
လူနှစ် ၄၃၂-ကုဋေ ၄-သန်း သင်္ဃာတငရဲ တလ
လူနှစ် ၅၁၈၄-ကုဋေ ၄-သန်း သင်္ဃာတငရဲ တနှစ်
လူနှစ် ပကောဋိ ၁၀-ကုဋေ ၃၆၀၀၀၀-သန်း သင်္ဃတာငရဲ တဘဝ။

(ဆောင်) သတ္တဝါအား၊ လေးနှင့်မျှား၊ သတ်ငြား ဃာတမှာ။

၎။ စူဠရောရုဝငရဲကြီး နှစ်(၄၀၀၀)

လူနှစ် ၅၇-ကုဋေ ၆-သန်း စူဠရောရုဝငရဲ တရက်
လူနှစ် ၁၅၄၈-ကုဋေ ၆-သန်း စူဠရောရုဝငရဲ တလ
လူနှစ် ၁၈၅၇၆-ကုဋေ ၆-သန်း စူဠရောရုဝငရဲ တနှစ်
လူနှစ် ပကောဋိ ၁၇-ကုဋေ, ၄၃၀၄၀၀၀-သန်း စူဠရောရုဝငရဲ တဘဝ။

(ဆောင်) ဒါးခုတ်-ကပ်ဖိ၊ သေသောက်မိ၊ ရောက်ရှိရောရုဝ။
သူ့မယား-လင်၊ ပြစ်မှားချင်၊ ရောက်လျှင် ရောရုဝ။

၅။ မဟာရောရုဝငရဲကြီး နှစ်(၈၀၀၀)
လူနှစ် ၂၉၁-ကုဋေ ၄-သန်း မဟာရောရုဝငရဲ တရက်
လူနှစ် ၉၆၂၄-ကုဋေ ၄-သန်း မဟာရောရုဝငရဲ တလ
လူနှစ် ၁၁၅၇၀၄-ကုဋေ ၄-သန်း မဟာရောရုဝငရဲ တနှစ်
လူနှစ် ပကောဋိ ၉၃-ကုဋေ ၅၆၃၂-သန်း မဟာရောရုဝငရဲ တဘဝ။

(ဆောင်) ခိုးတိုက်ကောက်ကျသ်၊ ပစ္စည်းညှစ်၊ ရောက်လစ် ရောမဟာ။

၆။ စူဠတာပန္နငရဲကြီး နှစ်(၁၆၀၀၀)

လူနှစ် ၉၁၃-ကုဋေ ၄-သန်း စူဠတာပန္နငရဲ တရက်
လူနှစ် ၂၇၆၄၂-ကုဋေ ၄-သန်း စူဠတာပန္နငရဲ တလ
လူနှစ် ၃၃၁၇၀၄-ကုဋေ ၄-သန်း စူဠတာပန္နငရဲ တနှစ်
လူနှစ် ပကောဋိ ၅၃၀-ကုဋေ ၈၈၆၄-သန်း စူဠတာပန္နငရဲ တဘဝ။

(ဆောင်) ပြည်ရွာ-မြို့ပြ၊ ဖျက်ဆီးကြ၊ အဓမ္မ တာပန္နာ။

၇။ မဟာတာပန္နငရဲကြီး နှစ်(၃၂၀၀၀)

လူနှစ် ၃၉၈၅-ကုဏ္ဍေ ၆-သန်း မဟာတာပန္နငရဲ တရက်
လူနှစ် ၁၁၀၅၆၈-ကုဋေ ၆-သန်း မဟာတာပန္နငရဲ တလ
လူနှစ် ၁၃၂၆၈၁၆-ကုဋေ ၆-သန်း မဟာတာပန္နငရဲ တနှစ်
လူနှစ် ပကောဋိ ၄၂၄၅-ကုဋေ ၈၁၁၂-သန်း မဟာတာပန္နငရဲ တဘဝ။

(ဆောင်) သဒ္ဓါ စေတနာ၊ မပါတိုက်ဖျက်၊ တရားပျက်၊
ရောက်ချက် မဟာတာ။

၈။ အဝီစိငရဲကြီး အန္တရကပ် တကပ် ခံရ၏။

လူနှစ် ၁၄၇၄၂-ကုဋေ ၄-သန်း အဝီစိငရဲ တရက်
လူနှစ် ၄၄၉၂၂၇-ကုဋေ ၄-သန်း အဝီစိငရဲ တလ
လူနှစ် ၅၃၉၁၂၆၄-ကုဋေ ၄-သန်း အဝီစိငရဲ တနှစ်
လူနှစ် ပကောဋိ ၃၃၅၀၄-ကုဋေ ၇၉၆၀၀-သန်း အဝီစိငရဲ တဘဝ။

(ဆောင်) ပွဲကြည့်-ပွဲက၊ ဤနှစ်ဝ၊ ရောက်ရ ဝီစိသာ။
ကံမှာပဉ္စိ၊ နိဒိဋ္ဌိနှင့်၊ အရိယူကံ၊ အာဏာလှန်၊ ရောက်ရန် ဝီစိမှာ။

အထက်ပါဌာနများကို ပြန်သွားလျှင် လွယ်ကူပါ၏
(အိပ်ပြီးစား - စားပြီးအိပ် - အိပ် စား ကာမ) အဝိဇ္ဇာနှင့် အန္ဓပုထုဇဉ်ဘဝက ဘယ်တော့မှမလွတ်။

(ငရဲ-တိရစ္ဆာန်-ပြိတ္တာ-အသူရကာယ် ၄-ဘုံနှင့် အိုးစားကွဲလိုသည့် သိမှတ်စရာ အချက်များ)
ဝိပဿနာ တစ်ရက်က ဖြေရှင်းပါလိမ့်မည်။
ကိုယ်တိုင် နာကြား ပွားများ အားထုတ်ကြကုန်လော့
သူတော်ကောင်း-သူမြတ်လောင်း အပေါင်းတို့။
credit to mingala
မင်္ဂလာသတင်းစဉ်မှ ကူးယူဖော်ပြပါသည်။

မေတ္တာဖြင်.

No comments:

Post a Comment