အောင်လံသဲအင်းဂူ ဆရာတော်ဘုရားကြီး အရှင်စန္ဒိမာ၏ တရုတ်နှစ်သစ်ကူး(၉) ရက်အထူးတရားစခန်း

အောင်လံသဲအင်းဂူ ဆရာတော်ဘုရားကြီး အရှင်စန္ဒိမာ၏ တရုတ်နှစ်သစ်ကူး(၉) ရက်အထူးတရားစခန်း



မလေးရှားနိုင်ငံမှ ဓမ္မမိတ်ဆွေယောဂီသူတော်စင် အပေါင်းတို့ခင်ဗျား-
ဓမ္မမိတ်ဆွေများအတွက် တရားဓမ္မနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ သတင်းကောင်း တစ်ခု အခွင့်အရေးတစ်ခုကို နိဗ္ဗာန် အကျိုးမျှော်လျှက် နိုးဆော် သိစေအပ်ပါသည်။
အောင်လံသဲအင်းဂူ ဆရာတော်ဘုရားကြီး အရှင်စန္ဒိမာသည် မြန်မာပြည်ရှိ သဲအင်းဂူ အောင်လံ တိုက်ခွဲ(၃၂)၊ ပြည်မြို့သဲအင်းတိုက်ခွဲ၊ ရန်ကုန် မင်္ဂလာဒုံသဲအင်းတိုက်ခွဲ များ၏ တိုက်အုပ် ဖြစ်ပြီး မအားသည့်ကြားမှ မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့ ကိုယ့်စိတ် ကိုယ်စစ် ကမ္မဋ္ဌာန်းရိပ်သာသို့ ဒုတိယအကြိမ်မြောက် ကြွရောက်ကာ ဝိပဿနာ အလုပ်ပေးတရားများကို (၉)ရက်တိုင်တိုင် ဟောပြောသင်ကြား ပြသပေးမည်ဖြစ်ပါသည်။
ဆရာတော်ဘုရားကြီး အရှင်စန္ဒိမာသည် တရားအားထုပ်ပြီး တရားမတွေ့သေးသူများ၊ တရားတစ်ခါမျှ အားမထုတ် ဘူးသေးသူများ၊ သေပေါက်သေဝရောက်နေသူများ၊ ဆေးရုံလူနာများ၊ တောရော မြို့ပါမကမြန်မာ တစ်ပြည်လုံး၊ နိုင်ငံခြားတိုင်းပြည်များ၊ လူမျိုးဘာသာ မရွေး အပါယ်ဆင်းရဲခြင်း ဒုက္ခအပေါင်းမှ လွတ်မြောက်အောင် လိုက်လံ ကယ်တင်နေသည့် ထူခြားသော ရဟန်းမြတ် တစ်ပါးဖြစ်ပါ၍ ကြားဖူး ကြုံဖူးနေသူ ယောဂီများ အသိပင်ဖြစ်ပါသည်။
သို့ဖြစ်၍ မတွေ့လိုက်ရ မဖူးလိုက်ရ မကျင့်ကြံလိုက်ရ မဖြစ်ရလေအောင် မေတ္တာရှေ့ထားအသိပေး
ကြေညာအပ်ခြင်း ဖြစ်ပါသည်။
နေ့ရက်- ( ၀၉.၀၂.၂၀၁၃) မှ (၁၇.၀၂.၂၀၁၃) ကိုးရက်တိုင်တိုင်။ ( ၀၈.၀၂.၂၀၁၃) နေ့ ညနေ ၅နာရီအရောက်လာရောက်ရပါမည်။
နေရာ- ကိုယ့်စိတ်ကိုယ်စစ် ကမ္မဋ္ဌာန်းရိပ်သာ၊ ကွာလာလန်ပူမြို့။
မှတ်ချက်- ဒုလ္လဘရဟန်း နှင့် သီလရှင်များပါ လက္ခံပါမည်။ ယောဂီဦးရေး ကန့်သတ်ထားပါသည်၊

ယောဂီဟောင်း၊ ယောဂီသစ်များ ကြိုတင်စာရင်းပေးပါရန်။


***ဝင်ကြေးမရှိ၊အခမဲ့ တရားပေး၊ အစားကျွေးပါမည်။





အောင်လံမြို့၊ ပြည်မြို့ နှင့် မင်္ဂလာဒုံမြို့နယ်တို့ရှိ သဲအင်းဂူ ကမ္မဋ္ဌာန်းကျောင်းတိုက်များ၏
တိုက်အုပ် ကမ္မဋ္ဌာနာစရိယ ဆရာတော်တော်ဘုရားကြီး အရှင်စန္ဒိမာ၊ ကိုယ်ရေးရာဇဝင်အကျဉ်း



ဆရာတော်ကို ၁၃၁၄-ခုနှစ် ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်၊ တံခွန်တိုင်ကျေးရွာတွင် ဖွားမြင်ခဲ့ပါသည်။ မွေးချင်း(၇)ယောက်အနက် တတိယမြောက်ဖြစ်ပြီးငယ်စဉ် ၄-၅နှစ် အရွယ်ကတည်းက ညညဆိုဘုရားစင်မှာ သောက်တော်ရေ၊ ဖယောင်းတိုင်ထွန်းကာ ငုတ်တုတ် တရားထိုင်လေ့ရှိသည်၊ ထိုစဉ်လူကြီးများက စကြ၊နောက်ကြခြင်းကိုခံခဲ့ရသည်။ လောကီ ကျောင်းပညာကို ဓါတုဗေဒ နှင့်ကျောင်းပြီးခဲ့သည်၊ မိဘကိုလုပ်ကျွေးရင်း- ဆရာတော်သည် သက်တော် ၂၃-နှစ် အရွယ်တွင်သဲအင်းဂူ ဆရာတော်ဘုရားကြီး၏ တပည့်ဆရာတော် ဦးသုဓမ္မကို ဥပဇ္ဇျာယ်ပြုကာမြင့်မြတ်သော သာသနာတော်သို့ဝင်ရောက်ခဲ့ပါသည်။
ယခုဆိုလျှင် ဆရာတော်မှာ သက်တော် (၆၁)နှစ်၊ဝါတော် (၃၈)ဝါရှိပြီဖြစ်၍ အနားမယူဘဲ ဝါတွင်းတိုင်း အထူးအဓိဋ္ဌာန်(၃)လ စခန်းများ၊ဝါပကာလများတွင် အဘိဓမ္မာတရားပွဲများ၊ ၉-ရက်အဓိဋ္ဌာန်စခန်းကို ကျောင်းတွင်လည်ကောင်း၊ အမြို့မြို့အနယ်နယ် လှည့်ကာ ပြသသည့်အပြင် အခုလိုပြည်ပပွဲများကိုပါ သဒ္ဓါထက်သန်စွာဖြင့်တပည့် သံဃာ၊သီလရှင်များ နှင့် စံနစ်တစ်ကျပြသ သင်ကြားပေးနေသည်မှာ ပွဲပေါင်း ၂၀၀-ခန့်ရှိခဲ့ပြီ။

ဆရာတော်မှာ အဓိဋ္ဌာန်(၉)ရက်နှင့်သေတတ်အောင်အာမခံနှင့်တရားပြသပေးသည်မှာ အင်မတန် ထူးခြားအံ့သြဖို့ကောင်းသည်၊ တရားရလိုလျှင်ဆရာခိုင်းတဲ့အတိုင်းလုပ်ရမည်။ တဏှာခိုင်းတဲ့အတိုင်း လုပ်နေပါကတရားမရ အပါယ်ကျ။ လူမျိုး၊ ဘာသာမရွေး ပုဂ္ဂိုလ်များ၏ စိတ်အစဉ်တွင် ကိလေသာ လောဘ၊ဒေါသ၊မောဟ၊မာန မဖြစ်အောင် ဒိဋ္ဌိဖြုတ်ပေးပြီး ဝိပဿနာ လမ်းဆုံးရောက်အောင် ပို့ဆောင်ပေးနိုင်သော ထူးခြားထက်မြတ်သည့် ရဟန်းဖြစ်လေသည်။




တလောကလုံး ခံစားပြီး ပျက်နေတယ်၊ ငါမရှိဘူး။ (သောတပန်)
တလောကလုံး မတင့်တယ်ဘူး၊ အနှစ်သာရ မရှိဘူး။ (သကဒါဂမ်)
တလောကလုံး မျက်စိတမှိတ်အတွင်း ကုဋေပေါင်းများစွာ ပျက်နေတယ်၊ စိုးစဉ်းမျှမရှိဘူး။ (အနာဂမ်) တလောကလုံး ဖြစ်တာ ပျက်တာ မရှိဘူး၊ တည်နေတယ် ငြိမ်းနေတယ်၊ ငြိမ်သက်နေတယ်၊ မြင်မြင်ကာမျှ၊ သိသိကာမျှ၊ ပဋိသန္ဓေကုန်ပြီ၊ မြတ်သောအကျင့်ကိုကျင့်သုံးပြီးပြီ။ (ရဟန္တာ)
မူလသဲအင်းဂူဆရာတော်ဘုရား



မူလသဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဋ္ဌ ၏ဆုံးမသြ၀ါဒများ
“ ရှေ့စိတ်ကတော်ချင်ရင် နောက်စိတ်ကတွန်းတင် ”
“ သမာဓိနဲ့ပညာ ဘောင်ချိန်ပေး ”
“ ဖေါက်ပြန်တာကရုပ် ခံစားတာကနာမ် ဒီအထဲမှ ‘ငါ’ မပါ ”
“ မသေခင်တော့ရှုပ် သေတော့ပုပ်၊ မကောင်းတဲ့ ခန္ဓာစုတ် ”
“ အဗျာကတ ရုပ်၊ မြေကြီးသြဇာဖြစ်မဲ့ အလကားအထုပ် ”
မြင်တယ်၊ ကြားတယ်၊ နံတယ်၊ တောင့်တယ်၊ ကျင်တယ်၊ ကိုက်တယ်၊ နာတယ်၊ ပူတယ်၊ အေးတယ် အစရှိသည်များသည် မရှိသောပညတ်တရားများ ဖြစ်သည်။
ထို ‘ မရှိ ပညတ်တရားများကို အရှိ ’ ထင်ကာ အယူမှား၊ အမှတ်မှားနှင့် သံသရာလဆန်း တစ်ရက်နေ့ကတည်းက နေလာခဲ့ကြတာ။
ဘိုင်စကုတ်တောင် သုံးနာရီ ကြည့်နိုင်သေးတာပဲဗျာ
အပ္ပါယ်ဘေးကလွတ်အောင် သုံးနာရီတရား မထိုင်နိုင်ကြဘူးလား။
အမှန်မြင်၊ အမှန်သိနဲ့ သေနိုင်အောင် ကြိုးစားကြ။
အမှန်မြင်၊ အမှန်သိနဲ့ သေကြပြီဆိုရင် နတ်ပြည်လည်း ရောက်နိုင်တယ်။
ဗြဟ္မာပြည်လည်း ရောက်နိုင်တယ်။ နိဗ္ဗာန်လည်း ရောက်နိုင်တယ်။
သေခါနီးဆဲဆဲဓာတ်ကြီး လေးပါး ဖေါက်ပြန်သောအခါ “ ခံစားမှုဝေဒနာ ” ဟု ပညာသိဖြင့် မသိဘဲ၊ “ ငါနာတယ်၊ ငါကိုက်တယ်၊ ငါအောင့်တယ်၊ ငါပူတယ် ” ဟု အယူမှား အမှတ်မှား သညာသိဖြင့် သေခဲ့လျှင် မုချအပ္ပါယ်လေးပါး ကျပေလိမ့်မည်။
“ နာတယ်၊ ကျင်တယ်၊ ထုံတယ်၊ ယားတယ်လို့ သိတာ လူတိုင်းသိတယ်။ ကလေးလေးလည်း သိတာပဲ။ ” ၀ိပဿနာယောဂီဆိုတာ ဒီလိုမသိရဘူး။

ImageFra.me



*** သင်သေလျှင် ဘာစိတ်နဲ့သေမည်နည်း။ ဘာတွေကို အာရုံပြု သေမှာလဲ။
***တရားမကျင့်လျှင် လောဘ၊ဒေါသ၊မောဟ၊မာန၊ကိလေသာစိတ်တွေနဲ့ သေပြီအပ္ပါယ်ကျရမှာပါ။
*** တရားမကျင့်ဘဲ နေသူ၊တရားမကျင့်ဘဲ သေသူ၊ တရားကျင့်ပြီး နည်းမမှန်သူတို့အား အင်မတန်သနားမိပါသည်။ နေဖို့ရန် အချိန်မရှိတော့ဘူး။ ဆရာကောင်းရှာကြပါ။
*** ကိုယ့်စိတ်ကိုယ်စစ်ပါ။ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆမနေကြဘဲတရားအားထုတ်ခြင်းဖြင့်ဘ၀နေနည်း၊ သေနည်းကို လေ့လာဖို့ အချိန်တန်လေပြီ။
ကိုယ့်စိတ်ကိုယ်စစ် ကမ္မဋ္ဌာန်းရိပ်သာ
ကိုယ့်စိတ်ကိုယ်စစ် (ကမ္မဋ္ဌာန်းရိပ်သာ)
မူလကျေးဇူးတော်ရှင် သဲအင်းဂူဆရာတော်ဘုရားကြီးနှင့် ဆရာတော်ဘုရားကြီးများ၏ နည်းနိဿယများကိုခံယူကာ တရားရှင်းလင်းပြသပေးသူ ကိုကေသာဦးသည် ၂၀၀၆ ခုနှစ်မှစ၍ အိမ်တွင်းဝိပဿနာ၊ ခန်းမ၀ိပဿနာနှင့် ယောဂီများ၏နေအိမ်၊ ဟိုတယ်နှင့် မြန်မာစားသောက်ဆိုင်တို့တွင် လှည့်လည်ကာ ခန္ဓာကိုယ်တွေ့တရားများဖြင့် ဥာဏ်မှီသ၍ တရားပြရှုပွားပုံများကို သင်ပြပေးနေပြီး၊ ယခုအခါ မလေးရှားနိုင်ငံ - ကွာလာလမ်ပူမြို့တွင် ကိုယ့်စိတ်ကိုယ်စစ် ၀ိပဿနာတရား စခန်း ကို ဖွင့်လှစ်လျှက် အများသူငါ အယူမှား - အမှတ်မှား တို့ဖြင့် အပ္ပါယ်မလားစေရန် စိတ်စေတနာကောင်းဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် public holiday တိုင်း တရားအားထုတ်ပုံကို ရှင်းလင်းပြသ သင်ကြားပေးလျှက် ရှိနေပါသည်။ ပိုမိုသိရှိလိုပါက-

Email: kotseikkosit@gmail.com, Website: http://kotseikkosit.multiply.com

တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကို့ http://www.justin.tv/kotseikkosit တွင် ကြည့်ရှုနိုင်ပါသည်။


ကိုယ့်စိတ်ကိုယ်စစ်တရားစခန်းလမ်းညွှန်

နေရာ - ကိုယ်စိတ်ကိုယ်စစ်(ကမ္မဋ္ဌာန်းရိပ်သာ)။ No.18, Jalan 13/105,(near Jalan Midah 15), Taman Midah Cheras,(near Tesco), Kuala Lumpur.
လမ်းညွှန် - မက်ထရို(၆၂-၆၅) ကားကို (Mydin) ကုန်တိုက်ရှေ့ ဇေယျာစတိုးအနီးမှ စီး၍ Taman Midah မှတ်တိုင်တွင် ဆင်းပါ။ လာကြိုပေးပါမည်။
ဆက်သွယ်ရန် - ၀၁၆-၉၀၇၇၇၈၀၊ ၀၁၆-၂၀၅၅၃၃၄၊ ၀၁၂-၂၄၈၉၀၆၆၊ ၀၁၂-၂၁၇၄၈၆၅၊၀၁၂-၉၁၀၁၀၁၄၊ ၀၁၂-၉၃၁၇၆၀၇

(မှတ်ချက် ။ ။ ကိုယ့်စိတ်ကိုယ်စစ် ကမ္မဋ္ဌာန်းရိပ်သာသည် ၀င်ကြေးမရှိ - တရားအားထုတ်လိုသူများအတွက် သာသနာပြု ကုသိုလ်ဖြစ်ဖွင့်လှစ်ထားသော ရိပ်သာ ဖြစ်ပါသည်။ အစာအာဟာရများ၊ မွေ့ယာ-ခေါင်းအုံး အစစ ပြည့်စုံစွာ စီစဉ်ထားပါသည်။
MP 3 တရားစီဒီများကိုလည်း လှူဒါန်းပေးနေပါသည်။ အပတ်စဉ် တနင်္ဂနွေနေ့နှင့် Public Holiday နေ့တိုင်းတွင် တရားစခန်း ပုံမှန်ဖွင့်လှစ်သင်ကြားပေးနေပါသည်။ တရားစခန်းမလာနိုင်သူများအတွက် skype/oovoo တို့မှ koseikkosit အကောင့်ကို invite လုပ်၍ လည်းကောင်း တိုက်ရိုက်http://www.justin.tv/kotseikkosit Live တရားများ ကျင့်ကြံနိုင်ပါသည်။ )

မေတ္တာဖြင့်




ကိုယ့်စိတ်ကိုယ်စစ်(ကမ္မဋ္ဌာန်းရိပ်သာ)