မလေးရှားနိုင်ငံမှ ဓမ္မမိတ်ဆွေ ယောဂီသူတော်စင် အပေါင်းတို့ခင်ဗျား-
ဓမ္မမိတ်ဆွေများအတွက် တရားဓမ္မနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ သတင်းကောင်း တစ်ခု အခွင့်အရေးတစ်ခုကို နိဗ္ဗာန်အကျိုးမျှော်လျှက် နှိုးဆော် သိစေအပ်ပါသည်။
မလေးရှားနိုင်ငံကွာလာလမ်ပူမြို့
ကိုယ့်စိတ်ကိုယ်စစ်ကမ္မဋ္ဌာန်းရိပ် သာမှအနာဂါတ်သာသနာအတွက်တရားမှတ်တ မ်းများကျန်ရှိစေရန်ရည်ရွယ်၍ သဲအင်းဂူ (မှော်ဘီ) ဌာနချုပ်မှ
သီလရှင်ဆရာကြီး ဒေါ်ပညာ (သက်တော် - ၆၅ နှစ်၊ ၀ါတော် - ၅၀ နှစ်) နှင့်
ဒေါ်နန္ဒမာလာ (သက်တော် - ၆၉ နှစ်၊ ၀ါတော် -၄၉နှစ်)တို့အားပင့်ဖိတ်ကာ လာရောက်သီတင်းသုံးနေထိုင်ပြီး တရားတော်များ ဟောပြောသင်ကြားပြသပေးမည် ဖြစ်ပါသည်။
သီလရှင်ဆရာကြီးဒေါ်ပညာသည် ပါရမီထူးရှိသောပုဂ္ဂိုလ်ထူးဖြစ်သည်။ စာပေမတတ် သော်လည်း အကျင့်နယ်မှ ခန္ဓာဥာဏ်ပေါက်၍ ၀ိပဿနာအထွတ်အထိပ်သို့ မျက်မှောက်ပြု ထားသူဖြစ်သည်။ ထူးခြားသောဖြစ်စဉ်မှာ ငယ်ရွယ်စဉ်ကလေးဘ၀တွင် အမေနှင့်အတူလိုက်၍ သဲအင်းဂူဆရာတော်ဘုရားကြီး ဟောကြားသောတရားကို နာနေစဉ်မှာပင် သမာဓိအား ကြောင့် နတ်ပြည်နှင့် ငရဲပြည်ကို ကိုယ်တိုင်ဥာဏ်ဖြင့် မျက်မှောက်ပြုခဲ့ရာမှသံဝေဂကြီးစွာရကာ အသက် ၁၅ နှစ် အရွယ်မှစ၍ သီလရှင်ဘ၀ဖြင့် တရားအားထုတ်ခဲ့သည်။ ထိုမှ အရိယာမဂ်သို့ရရှိခဲ့ပြီး ယနေ့ ထိတိုင်အောင် သဲအင်းဂူဌာနချုပ်တွင် မြတ်စွာဘုရားကြီးနှင့် သဲအင်းဂူဆရာတော်ဘုရားကို ကျေးဇူးဆပ်ရင်း တရားဓမ္မများ ဟောကြားသင်ပြခြင်းဖြင့် သာသနာ့အကျိုး သယ်ပိုးရွက်ဆောင် နေသူဖြစ်သည်။
အမျိုးသမီးများ ဂုဏ်ယူအတုယူအားကျ၊ စံနမူနာယူသင့်သော မြတ်စွာဘုရား၏ သမီးတော်တစ်ပါးဖြစ်သည်။တရားအားထုတ်ရာတွင်အမျိုးသ္မီး/သားခွဲခြား ခြင်းမရှိကျင့်သူ တိုင်းမြတ်သည်။
သီလ၊သမာဓိ၊ပညာဂုဏ်ကိုသာပူဇော်ကိုးကွယ်ရာဖြစ်သည်။မြောက်မြားစွာ ထူးခြားမှူများရှိသူဖြစ်ပြီးအခွ င့်အရေးမဆုံးရှုံးရလေအောင် ကိုယ်တိုင်လာရောက်နည်းယူကျင့်ကြံအားထုတ်လွတ်မြောက်စေရန်မေတ္တာေ ရှ့ထားအသိပေးနှိုးဆော်ဖိတ်ကြား အပ်ပါသည်.။
skype/oovoo တို့မှ koseikkosit အကောင့်ကို invite လုပ်၍ တရားအားထုတ်မေးမြန်းနိုင်ပါသည်.သေခြင်းစာမေးပွဲ ဖြေရတော့မယ် ဘာပြင်ဆင်ထားပြီးပြီလဲ...? မမေ့မလျှော့နှင့် ကိုယ့်စိတ် ကိုယ်စစ်ပါ..။
နေ့ရက်- (၁၈.၁၁.၂၀၁၂ ) မှ (၁၆.၁၂.၂၀၁၂) ထိ သတင်းသုံးပါမည်။ (တစ်လတိုင်တိုင်)
နေရာ - ကိုယ့်စိတ်ကိုယ်စစ် ကမ္မဋ္ဌာန်းရိပ်သာ၊ ကွာလာလမ်ပူမြို့။မှတ်ချက် ။ အပတ်စဉ်တနင်္ဂနွေနေ့နှင့် အစိုးရရုံးပိတ်ရက်များတွင်အထူးတရားပွဲများရှိပါသည်။(ကြိုတင်ဖုန်းဆက်စုံစမ်းပါရန်)
တလောကလုံး ခံစားပြီး ပျက်နေတယ်၊ ငါမရှိဘူး။ (သောတပန်)
တလောကလုံး မတင့်တယ်ဘူး၊ အနှစ်သာရ မရှိဘူး။ (သကဒါဂမ်)
တလောကလုံး မျက်စိတမှိတ်အတွင်း ကုဋေပေါင်းများစွာ ပျက်နေတယ်၊ စိုးစဉ်းမျှမရှိဘူး။(အနာဂမ်)
တလောကလုံး ဖြစ်တာ ပျက်တာ မရှိဘူး၊ တည်နေတယ် ငြိမ်းနေတယ်၊ ငြိမ်သက်နေတယ်၊ မြင်မြင်ကာမျှ၊ သိသိကာမျှ၊ ပဋိသန္ဓေကုန်ပြီ၊ မြတ်သောအကျင့်ကိုကျင့်သုံးပြီးပြီ။ (ရဟန္တာ)
မူလသဲအင်းဂူဆရာတော်ဘုရား
မူလသဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဋ္ဌ ၏ဆုံးမသြ၀ါဒများ
“ ရှေ့စိတ်ကတော်ချင်ရင် နောက်စိတ်ကတွန်းတင် ”“ သမာဓိနဲ့ပညာ ဘောင်ချိန်ပေး ”“ ဖေါက်ပြန်တာကရုပ် ခံစားတာကနာမ် ဒီအထဲမှ ‘ငါ’ မပါ ”“ မသေခင်တော့ရှုပ် သေတော့ပုပ်၊ မကောင်းတဲ့ ခန္ဓာစုတ် ”“ အဗျာကတ ရုပ်၊ မြေကြီးသြဇာဖြစ်မဲ့ အလကားအထုပ် ”မြင်တယ်၊ ကြားတယ်၊ နံတယ်၊ တောင့်တယ်၊ ကျင်တယ်၊ ကိုက်တယ်၊ နာတယ်၊ ပူတယ်၊ အေးတယ် အစရှိသည်များသည် မရှိသောပညတ်တရားများ ဖြစ်သည်။ထို ‘ မရှိ ပညတ်တရားများကို အရှိ ’ ထင်ကာ အယူမှား၊ အမှတ်မှားနှင့် သံသရာလဆန်းတစ်ရက်နေ့ကတည်းက နေလာခဲ့ကြတာ။ဘိုင်စကုတ်တောင် သုံးနာရီ ကြည့်နိုင်သေးတာပဲဗျာအပါယ်ဘေးကလွတ်အောင် သုံးနာရီတရား မထိုင်နိုင်ကြဘူးလား။အမှန်မြင်၊ အမှန်သိနဲ့ သေနိုင်အောင် ကြိုးစားကြ။အမှန်မြင်၊ အမှန်သိနဲ့ သေကြပြီဆိုရင် နတ်ပြည်လည်း ရောက်နိုင်တယ်။ဗြဟ္မာပြည်လည်း ရောက်နိုင်တယ်။ နိဗ္ဗာန်လည်း ရောက်နိုင်တယ်။သေခါနီးဆဲဆဲဓာတ်ကြီး လေးပါး ဖေါက်ပြန်သောအခါ “ ခံစားမှုဝေဒနာ ” ဟု ပညာသိဖြင့် မသိဘဲ၊ “ ငါနာတယ်၊ ငါကိုက်တယ်၊ ငါအောင့်တယ်၊ ငါပူတယ် ” ဟု အယူမှား အမှတ်မှား သညာသိဖြင့် သေခဲ့လျှင် မုချအပ္ပါယ်လေးပါး ကျပေလိမ့်မည်။“ နာတယ်၊ ကျင်တယ်၊ ထုံတယ်၊ ယားတယ်လို့ သိတာ လူတိုင်းသိတယ်။ ကလေးလေးလည်း သိတာပဲ။ ” ၀ိပဿနာယောဂီဆိုတာ ဒီလိုမသိရဘူး။*** သင်သေလျှင် ဘာစိတ်နဲ့သေမည်နည်း။ ဘာတွေကို အာရုံပြု သေမှာလဲ။***တရားမကျင့်လျှင် လောဘ၊ဒေါသ၊မောဟ၊မာန၊ကိလေသာစိတ်တွေနဲ့ သေပြီအပ္ပါယ်ကျရမှာပါ။ *** တရားမကျင့်ဘဲ နေသူ၊တရားမကျင့်ဘဲ သေသူ၊တရားကျင့်ပြီးနည်းမမှန်သူတို့အာ;အင်မတန်သနားမိပါသည်။ နေဖို့ရန် အချိန်မရှိတော့ဘူး။ ဆရာကောင်းရှာကြပါ။ *** ကိုယ့်စိတ်ကိုယ်စစ်ပါ။ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆမနေကြဘဲတရားအားထုတ်ခြင်းဖြင့်ဘ၀နေနည်း၊ သေနည်းကို လေ့လာဖို့ အချိန်တန်လေပြီ။
ကိုယ့်စိတ်ကိုယ်စစ် (ကမ္မဋ္ဌာန်းရိပ်သာ)
မူလကျေးဇူးတော်ရှင် သဲအင်းဂူဆရာတော်ဘုရားကြီးနှင့် ဆရာတော်ဘုရားကြီးများ၏ နည်းနိဿယများကိုခံယူကာ တရားရှင်းလင်းပြသပေးသူ ကိုကေသာဦးသည် ၂၀၀၆ ခုနှစ်မှစ၍ အိမ်တွင်းဝိပဿနာ၊ ခန်းမ၀ိပဿနာနှင့် ယောဂီများ၏နေအိမ်၊ ဟိုတယ်နှင့် မြန်မာစားသောက်ဆိုင်တို့တွင် လှည့်လည်ကာ ခန္ဓာကိုယ်တွေ့တရားများဖြင့် ဥာဏ်မှီသ၍ တရားပြရှုပွားပုံများကို သင်ပြပေးနေပြီး၊ ယခုအခါ မလေးရှားနိုင်ငံ - ကွာလာလမ်ပူမြို့တွင် ကိုယ့်စိတ်ကိုယ်စစ် ၀ိပဿနာတရား စခန်း ကို ဖွင့်လှစ်လျှက် အများသူငါ အယူမှား - အမှတ်မှား တို့ဖြင့် အပါယ်မလားစေရန် စိတ်စေတနာကောင်းဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် public holiday တိုင်း တရားအားထုတ်ပုံကို ရှင်းလင်းပြသ သင်ကြားပေးလျှက် ရှိနေပါသည်။ ပိုမိုသိရှိလိုပါက-
Email: kotseikkosit@gmail.com, Website:http://kotseikkosit.blogspot.com/ http://www.youtube.com/ kotseikkosit http://kotseikkosit.multiply. com
တရားများဒေါင်းလိုပါက http://www.mediafire.com/?sa55u0uvgtal6 .။
တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကို http://www.justin.tv/kotseikkosit တွင် ကြည့်ရှုနိုင်ပါသည်။
ကိုယ့်စိတ်ကိုယ်စစ်တရားစခန်းလမ်းညွှန်
နေရာ - ကိုယ်စိတ်ကိုယ်စစ်(ကမ္မဋ္ဌာန်းရိပ်သာ)။ No.18, Jalan 13/105,(near Jalan Midah 15), Taman Midah Cheras, (near Tesco), Kuala Lumpur.
လမ်းညွှန် - မက်ထရို(၆၂-၆၅) ကားကို (Mydin) ကုန်တိုက်ရှေ့ ဇေယျာစတိုးအနီးမှ စီး၍ Taman Midah မှတ်တိုင်တွင် ဆင်းပါ။ လာကြိုပေးပါမည်။
ဆက်သွယ်ရန် - ၀၁၆-၉၀၇၇၇၈၀၊ ၀၁၆-၂၀၅၅၃၃၄၊ ၀၁၂-၂၄၈၉၀၆၆၊ ၀၁၂-၂၁၇၄၈၆၅၊၀၁၂-၉၁၀၁၀၁၄၊ ၀၁၂-၉၃၁၇၆၀၇
မှတ်ချက် ။ ။ ကိုယ့်စိတ်ကိုယ်စစ် ကမ္မဋ္ဌာန်းရိပ်သာသည် ၀င်ကြေးမရှိ - တရားအားထုတ်လိုသူများအတွက် သာသနာပြု ကုသိုလ်ဖြစ်ဖွင့်လှစ်ထားသော ရိပ်သာ ဖြစ်ပါသည်။ အစာအာဟာရများ၊ မွေ့ယာ-ခေါင်းအုံး အစစ ပြည့်စုံစွာ စီစဉ်ထားပါသည်။
MP 3 တရားစီဒီများကိုလည်း လှူဒါန်းပေးနေပါသည်။ အပတ်စဉ် တနင်္ဂနွေနေ့နှင့် Public Holiday နေ့တိုင်းတွင် တရားစခန်း ပုံမှန်ဖွင့်လှစ်သင်ကြားပေးနေပါသည်။ တရားစခန်းမလာနိုင်သူများအတွက် skype/oovoo တို့မှ koseikkosit အကောင့်ကို invite လုပ်၍ လည်းကောင်း တိုက်ရိုက်http://www.justin. tv/kotseikkosit Live တရားများ ကျင့်ကြံနိုင်ပါသည်။
မေတ္တာဖြင့်
သဲအင်းဂူဆရာတော်ဘုရာကြီးဦးဥက္ကဋ္ဌ တရားအချို့
01. phyit sinဖြစ်စဉ်ကျင့်စဉ်.mp317.BIOGRAPHY(1324) ဖြစ်စဉ် နှင့် ဝဋ်ကြွေးအကြောင်းစုံ.mp3
18.Mind of (3)Mind စိတ် သုးံ စိတ်.mp3ရှူ့ကွက်များ
01.Dawel apple ထားဝယ် အပါယ်ပိတ် ရှူ့ကွက်.mp3
02. Moe koung (shu)မိုးကောင်း ရှူ့ကွက်.mp3
03 Thee inn gu (shu)သဲအင်းဂူ ရှူ့ကွက်.mp3
http://www.mediafire.com/?sa55u0uvgtal6#p6aj4dxw7yexw
ဒီလင့်ကိုကလစ်ခေါက်၍လူနာငြိမ်း အေးတရားတော် ဗီဒီယို 3gp များကို ဖုန်းထဲထည့်၍ ကြည့်ရှူ့ သံဝေဂတင်ပွားများအားထုပ်နိုင်ြ
ကပါစေ..။ ပကတိငြိမ်းအေးကြပါစေ..။
အောင်လံသဲအင်းဂူဆရာတော်ဘုရားကြီး အရှင်စန္ဒိမာ သင်ကြားပေးသော
တရားအားထုတ်ရာတွင် လိုက်နာရမည့်အဓိကလိုအပ်ချက် ရှူ့ကွက်ရှင်းတမ်းများ
18- 6th-day 2011.07.21 7pm MaHarPaLinn ShuKuak ShingTang.mp3
13- 5th-day 2011.07.20 8am BaungChaing ShuKuak ShingTang.mp3
30- long 2011.08.02 1pm ShingTang.mp3
09- 3rd-day 2011.07.18 2pm AhNaPaNa ShingTang.mp3
31-long 2011.08.05 1pm ShingTang.mp3
19- 7th-day 2011.07.22 8am MaHarPaLinn AungPe ShuKuak ShingTang.mp3
16- 6th-day 2011.07.21 8am BaWonPine Thainepe ShuKuak ShingTang.mp3
33- long 2011.08.17 7pm ShingTang.mp3
20- 8th-day 2011.07.23 8am YokeNam TwelShu ShuKuak ShingTang.mp3
15- 5th-day 2011.07.20 7pm HlaungPe ShuKuak ShingTang.mp3
08- 3rd-day 2011.07.18 8am AhNaPaNa.mp3
10- 4th-day 2011.07.19 8am AhNaPaNa ShingTang.mp3
17- 6th-day 2011.07.21 2pm Nam ShuKuak ShingTang.mp3
04- 2nd-day 2011.07.17 8am AhNaPaNa ShuKuak ShingTang.mp3
22- 9th-day 2011.7.24 8am PyinNyat PaRaMat ShuKuak ShingTang.mp3
02- 1st-day 2011.07.16 8am AhNaPaNa ShingTang.mp3
01- 1st-day 2011.07.16 4am AhNaPaNa ShingTang.mp3
06- 2nd-day 2011.07.17 7pm AhNaPaNa ShingTang.mp3
23- 9th-day 2011.07.24 2pm YokeNamTwel ShuNe ShingTang.mp3
03- 1st-day 2011.07.16 WumMiKa ThokeTang.mp3
Daw PyinNyar Biography.mp3 20875K Play Download |