Showing posts with label U Thiri Dhamma MP3. Show all posts
Showing posts with label U Thiri Dhamma MP3. Show all posts

ဆရာတော် ဦးသီရိဓမ္မ - ဝေဒနာ ခံစားတဲ့သဘော ရှင်းပြခြင်း


                                      

တင်းတာ တောင့်တာ ဝေဒနာမဟုတ်ဘူး... ခံစားတာ ဝေဒနာ... တင်းတယ် တောင့်တယ်ကြီးပေါ်မှာ ဝေဒနာလို့ သွားသိနေတာ အပိုကြီးပဲ...။ တင်းရတဲ့ ကြားထဲ ငါမှတ်နေတာ ပင်ပန်းတယ်ဆိုပြီး ဖယ်ထုတ် လိုက်တယ်... သညာ ပယ်သွားပြီဆိုတာ ကိုယ်မသိဘူး.. သညာကို ဖယ်လိုက်တာ ဥာဏ်က... တင်းတယ်တောင့်တယ်နဲ့ ဗြောင်ကြီး ဖြစ်နေရော... 
မှတ်တဲ့စိတ် အခုအခံ မရှိတော့ဘူး... ရှင်းနေတယ်... ခံစားတာ ဘယ်သဘောလဲ ...ဝေဒနာ ဘယ်ဥစ္စာလဲ ဆိုတာ အသာလေး တက်တဲ့အပေါ်မှာ ရပ်ပြီး သည်းခံပြီး အေးဆေးလေးကြည့်နေမှ ကိုယ်က တင်းတဲ့ သဘောကို မဲတာ ... အရှေ့မှာ မဟုတ်ဘဲ အနောက်မှာ မခံချင်တာကို ခံစားနေရတဲ့ သဘောလေးကို ဥာဏ်က လှည့်လည်း မြင်လိုက်ရော တင်းတာ တောင့်တာ ဖြတ်ဆို ချုပ်သွားရော... ဥပမာ - ဟင်းချိုတွေ ချက် ဘူးလား...ဟင်းချိုမြည်းတော့ မီးဖိုပေါ်မှာ မြည်းလား ..အောက်ချမှ မြည်းလား...မီးဖိုပေါ်မှာ ဇွန်းနဲ့ ခပ်ပြီး မြည်းတော့ ဒီအပူကို မြည်းလိုက်တဲ့ အခါကျတော့ ဝမ်းထဲမှာ ဒီရေနွေးရောက်လာတော့ အေးလား.. ပူလား.. ပူပါတယ်ဘုရား.. 
ပူတော့ ဒါရိုက်သောက်လား မှုတ်သောက်လား... မှုတ်သောက်ပါတယ်ဘုရား... ဘာလို့ မှုတ်လဲ... ပူလို့ မှုတ်ပါတယ်ဘုရား... သောက်ကြည့်လိုက်တဲ့အခါကျတော့ ပူတာကို သတိ ထားလား ... ပေါ့တာ ငန်တာ ကို  သတိထားလား..ပူတာကို သိတယ်..ဒါပေမယ့် အပေါ့ အငန်ကို သတိထားတာ .. ဒီဟင်းကို မြည်းလိုက် တဲ့အခါမှာ ပါလာတဲ့ အရည်ကတော့ ပူမှာပဲ ... ပူတာကို သတိထားကြီးလည်း မဟုတ်ဘူး ...။ ပူမယ်ဆို တာကိုတော့ သိတယ်.. သူ့မှုတ်ပြီးတော့ ပူတာကို ဂရုမစိုက်ဘူး ... အပေါ့အငန်ကို ဂရုစိုက်သလို .. အဲ့ဒီ အပေါ့အငန်ကို ဂရုစိုက်တာ ဝေဒနာ ခံစားတာကို ရှူတာနဲ့ တူတယ် ဇွန်းပူတာက တင်းတာ တောင့်တာ နဲ့တူတယ် ဒီနှစ်ခု ကွဲဖို့အရေးကြီးတယ် ... 
တင်းတာ တောင့်တာက ဇွန်းထဲက ပူတာနဲ့ တူတယ်... ခံစား နေရတာက အပေါ့အငန်နဲ့တူတယ်.. အဲ့ဒီ နှစ်ခုကို သေသေချာချာခွဲပြီးတော့ တင်းတစ်လုံး တောင့်တစ် လုံးတက်လာရင် အဲ့ဒီ ဥပမာ သာဓကတွေနဲ့ ထောက်ပြီး ဆင်ခြင်သုံးသပ်ရင် ဘာလို့ မရနိုင်မှာလဲ... ခံစားတာ သပ်သပ် ..တင်းတာ တောင့်တာ 
သပ်သပ် ... တင်းတာ တောင့်တာကို မှီပြီးတော့ မှ ခံစားမှုပေါ်ရတယ် .. နားနဲ့ အသံနဲ့ ကြားမှ ဘာသံလဲ ဆိုတာ နားထောင်ချင်တာလေးက ခံစားမှုသဘောပဲ... မျက်စိနဲ့ အဆင်းနဲ့ မြင်ရတဲ့အပေါ် ဘယ်သူပါလိမ့် ဘယ်ဝါပါလိမ့် ဆိုပြီး     သွားပြီး ခံစားကြည့်လိုက်တော့မှ   ဘယ်သူပဲ   ဘယ်ဝါပဲ    ခံစားတဲ့သဘော
ပေါ်ပေါ် လာတယ်.. ဝေဒနာဆိုတာ တင်းတာ တောင့်တာ ညောင်းတာ ကိုက်တာကြီး ဝေဒနာပါဆိုပြီး ရုန်းရုန်း နေကြတယ် .. 
အဲ့ဒီ တင်းတာ တောင့်တာက ကျေးဇူးရှင် .. သူပေါ်မှ ခံစားတဲ့သဘော ဝေဒနာကို ရှူလို့ရမယ် .. အဲ့ဒီဝေဒနာနဲ့ ဓာတ်နဲ့ မကွဲတဲ့အတွက် ထွေးလုံးရစ်ပတ်ဖြစ်နေတာ.. ယောဂီတိုင်း အဲ့ဒီနေရာမှာ ၁ဝ တန်းစာမေးပွဲ ... ဒီယားရင် ကုတ် ... ညောင်းရင်လည်း လှုပ်ရပြန်ပြီ ... ဆိုကတည်းက ဒီတရားဟာ က္ကရိယာပုတ်--ပါးမှာ ဒီဝေဒနာ ဓာတ်တစ်လုံး  တက်လာလို့   ပြင်လိုက်မယ်ဆိုရင်   က္ကရိယာ ပုတ်ဖုံးသွားတယ် ... ဓာတ်သဘောဖြစ်ပြီး ပျက်သွားတာကို မမြင်ရဘူး... အဲ့ဒီတော့ ဒီဓာတ်တစ်လုံး ဖြစ်ပြီး ပျက်တာကို မြင်ရအောင် က္ကရိယာပုတ် မဖုံးရအောင် မပြင်ရဘူး...မပြင်တော့မှ ဒီဓာတ်တစ်လုံး ဖြစ်ပြီး ပျက်သွားတဲ့ ချုပ်တာကိုလည်း ပြောင်းသွားရော ခံစားမှု စိတ်ကလေး ချုပ်သွားတာကို မျက်မှောက် ပြုလိုက်ရတယ် ... အဲ့ဒီမှာ မဲကြတာပါပဲ ...။ 
ပထမတော့ မချုပ်ခင်တော့ ကိုယ်က ခံစားရနေတာပါပဲ.. ခံစားတဲ့ ဝေဒနာနဲ့ ငါနဲ့က သွားပေါင်းနေတာပါပဲ... တင်းတစ်လုံး တောင့်တစ်လုံးလည်း ချုပ်သွားရော ခံစားမှုလည်း ချုပ်သွားရော... ချုပ်လည်း ချုပ်ရော ပြတ်သွားလို့ကတော့ ဝေဒနာသက်သက် ဘဝင် သက်သက် ဘဝင်မှာ ကြည်ပြီးတော့ ကျန်နေခဲ့တယ် .. တင်းတဲ့ တောင့်တဲ့အပေါ်မှာ ခံစားတဲ့သဘော ဝေဒနာကို ရှုယူသွားတယ် ... အဲ့ဒီ ခံစားတာကြီးနဲ့ ငါနဲ့ပေါင်းပြီး ဟောတင်းတာ တောင့်တာကြီးကို နင်းမဲနေတော့ မှားတာပေါ့... အကြောင်း မသတ်ဘဲ အကျိုးသွားသတ်တော့ ဘာဖြစ်လဲဆိုတော့ အကျိုးသတ်တော့ အကြောင်း မရပ်ဘူးပေါ့... ကြောင်းသတ်မှ အကျိုးရပ်တာ... ဝေဒနာ နိဂြောဓော နိဗ္ဗာနံ ...နိဗ္ဗာန်လိုချင်ရင် ဝေဒနာ မြင်အောင် ရှူရပါလိမ့်မယ်...

ပြည် ဝိဇ္ဇောဒယ သဲအင်းဂူ ဆရာတော်ဘုရားကြီး ဦးသီရိဓမ္မ



နာကြားရန်

ဒေါင်းလုပ်ရယူရန်
001 ကိုယ်တွေ့ကျင့်စဉ်
002 ကိုယ်ကျင့်တရား နှင့် ဥပမာ
003 စေတီလေးပါး
004 စောင်ကုန်သည်
005 ခန္ဓာဇာတိရှင်းတမ်း
006 အဖိုးကြီးအို ခါးကုံးကုံး နှင့် ချစ်တီးနွား တရားတော်
007 အကြောင်းသတ်၊အကျိုးသတ် ဥာဏ်ချုပ် တရားတော်
008 ဘ၀င်နှင့် သစ္စာလေးပါး မြတ်တရား
009 လောက သုံးပါး တရားတော်
010 ဟိတ်အကြောင်း နှင့် ဆရာကောင်းအရေးကြီးပုံ တရား
011 အားကိုးမမှားကြနဲ့ တရားတော်
012 ဆင်သေကောင်ပေါ်ကကျီးမိုက် နှင့် အကြာင်းသတ်အကျိုးသတ်
013 သတ္တ၀ါခြောက်ကောင် နှင့် မဟာဒုတ်
014 ဝေဒနာ တခါချုပ် အရေးကြီးပုံ
015 ပဋာစာရီ အကြောင်းခံတရား
016 ဒုက္ခကိုရှာသောမျောက် နှင့်ဘီလူးစားမခံရသော မင်းသား
017 ကိုယ်တွေ့ကျင့်စဉ် 2.
018 ကံကံ၏အကျိုး၊ အခါအခွင့် ၊ အမျိုးချွှတ်ပ
019 18.8.03 မွေးနေ့နှင့်ကျောင်းရေစက်ချ
020 ကပ်ကြီးသုံးပါးတရားတော်
021 ဘီလူးမနှင့်စောင်ကုန်သည်
022 အာရုံငါးပါးပဉ္စ၀ုဓ
023 အဂ္ဂိခန္ဓောပမသုတ္တံ ကလီထော်ကျောင်း
024 ပဏ္ဍိတသာမဏေ
025 ပညတ်ငါးမျိုး
026 1367 သီတင်းကျွှတ်လဆုတ်7 (24.10.08)ငါးပါးသီလအစတုဏ္ဏိလ
027 ၀ိသုဒ္ဓိမဂ် 7 ပါးနှင့် အာရုံ6 ပါး
028 ရုပ်ဇာတိ နမ်ဇာတိ တရားတော်
029 ခန္ဓာ ငါးပါး တရားတော်
030 ဝေဒနာချုပ် နှင့် ဈန်
031 ဘ၀င်ချုပ်နည်း
032 ဝေဒနာသမာဓိ
033 မျောက် နှင့် ခွေး
034 ရုပ်နမ် ခန္ဓာ ဇာတိ
035 ကျွဲတလင်းစခန်းသိမ်းပွဲ 2011
036 ဘ၀င် ရှုကွက်