(၂)ရက်အထူးတရားစခန်း မြွေကိုက်ခံရ၍ နိမ္မာနရတိနတ်ပြည်သို့ ရောက်ရှိခဲ့ဖူးသောဆရာတော်ဦးပုညသေဋ္ဌ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ နှောကုန်းကျေးရွာ သဲအင်းဂူကမ္မဋ္ဌာန်းကျောင်းတိုက်
ကမ္မဌာနစရိယဆရာတော် ဦးပုညသေဋ္ဌ ၏ ကိုယ်ရေးရာဇ၀င် အကျဉ်း ဆရာတော်သည် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်း၌ မြို့ပြအင်ဂျင်နီယာဌာနတွင် ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေရာမှ ၁၉၈၈ ခုနှစ် တက္ကသိုလ်ကျောင်းတော်ကြီးများ ပိတ်ထားစဉ်ကာလတွင် ဘ၀သံဝေဂတရားများရရှိကာ သဲအင်းဂူ ကမ္မဋ္ဌာန်းကျောင်းတိုက် ဒုတိယသဲအင်းဂူဆရာတော်ကြီး ဘဒ္ဒန္တ၀ါယမကို ဥပဇ္ဇုယ်ပြုကာ မြင့်မြတ်သော သာသနာတော်သို့ ၀င်ရောက်ခဲ့ပါသည်။ ဆရာတော်သည် မြွေကိုက်ခံရ၍ နိမ္မာနရတိနတ်ပြည်သို့ ရောက်ရှိခဲ့ဖူးသော ထင်ရှားသည့် ရဟန်းတစ်ပါးဖြစ်သည်။ ဆရာတော်သည် ရဟန်းတရားကို ကြီးမားသော သဒ္ဓါ-၀ီရိယ-သတိ-သမာဓိ-ပညာတို့ဖြင့် အားထုတ်ထားသော ထူးခြားထက်မြက်သည့် ရဟန်းတစ်ပါး ဖြစ်သည်။ တလောကလုံး ခံစားပြီး ပျက်နေတယ်၊ ငါမရှိဘူး။ (သောတပန်) တလောကလုံး မတင့်တယ်ဘူး၊ အနှစ်သာရ မရှိဘူး။ (သကဒါဂမ်) တလောကလုံးမျက်စိတမှိတ်အတွင်းကုဋေပေါင်းများစွာပျက်နေတယ်၊စိုးစဉ်းမျှမရှိဘူး။ (အနာဂမ်) တလောကလုံး ဖြစ်တာပျက်တာမရှိဘူး၊တည်နေတယ်ငြိမ်းနေတယ်ငြိမ်သက်နေတယ်၊ မြင်မြင်ကာမျှ၊သိသိကာမျှ၊ပဋိသန္ဓေကုန်ပြီ၊ မြတ်သောအကျင့်ကိုကျင့်သုံးပြီးပြီ။ (ရဟန္တာ) မူလသဲအင်းဂူဆရာတော်ဘုရား
မူလသဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဋ္ဌ ၏ ဆုံးမသြ၀ါဒများ “ ရှေ့စိတ်ကတော်ချင်ရင် နောက်စိတ်ကတွန်းတင် ” “ သမာဓိနဲ့ပညာ ဘောင်ချိန်ပေး ” “ ဖေါက်ပြန်တာကရုပ် ခံစားတာကနာမ် ဒီအထဲမှ ‘ငါ’ မပါ ” “ မသေခင်တော့ရှုပ် သေတော့ပုပ်၊ မကောင်းတဲ့ ခန္ဓာစုတ် ” “ အဗျာကတ ရုပ်၊ မြေကြီးသြဇာဖြစ်မဲ့ အလကားအထုပ် ” မြင်တယ်၊ ကြားတယ်၊ နံတယ်၊ တောင့်တယ်၊ ကျင်တယ်၊ ကိုက်တယ်၊ နာတယ်၊ ပူတယ်၊ အေးတယ် အစရှိသည်များသည် မရှိသောပညတ်တရားများ ဖြစ်သည်။ထို ‘ မရှိ ပညတ်တရားများကို အရှိ ’ ထင်ကာ အယူမှား၊ အမှတ်မှားနှင့် သံသရာလဆန်းတစ်ရက်နေ့ကတည်းက နေလာခဲ့ကြတာ။ ဘိုင်စကုတ်တောင် သုံးနာရီ ကြည့်နိုင်သေးတာပဲဗျာ အပ္ပါယ်ဘေးကလွတ်အောင် သုံးနာရီတရား မထိုင်နိုင်ကြဘူးလား။ အမှန်မြင်၊ အမှန်သိနဲ့ သေနိုင်အောင် ကြိုးစားကြ။ အမှန်မြင်၊ အမှန်သိနဲ့ သေကြပြီဆိုရင် နတ်ပြည်လည်း ရောက်နိုင်တယ်။ ဗြဟ္မာပြည်လည်း ရောက်နိုင်တယ်။ နိဗ္ဗာန်လည်း ရောက်နိုင်တယ်။ သေခါနီးဆဲဆဲဓာတ်ကြီး လေးပါး ဖေါက်ပြန်သောအခါ “ ခံစားမှုဝေဒနာ ” ဟု ပညာသိဖြင့် မသိဘဲ၊ “ ငါနာတယ်၊ ငါကိုက်တယ်၊ ငါအောင့်တယ်၊ ငါပူတယ် ” ဟု အယူမှား အမှတ်မှား သညာသိဖြင့် သေခဲ့လျှင် မုချအပ္ပါယ်လေးပါး ကျပေလိမ့်မည်။ နာတယ်၊ ကျင်တယ်၊ ထုံတယ်၊ ယားတယ်လို့ သိတာ လူတိုင်းသိတယ်။ ကလေးလေးလည်း သိတာပဲ။ ” ၀ိပဿနာယောဂီဆိုတာ ဒီလိုမသိရဘူး။
*** သင်သေလျှင် ဘာစိတ်နဲ့သေမည်နည်း။ ဘာတွေကိုအာရုံပြု သေမှာလဲ။ ***တရားမကျင့်လျှင် လောဘ၊ဒေါသ၊မောဟ၊မာန၊ကိလေသာစိတ်တွေနဲ့ သေပြီအပ္ပါယ်ကျရမှာပါ။ ***တရားမကျင့်ဘဲ နေသူ၊တရားမကျင့်ဘဲ သေသူ၊တရားကျင့်ပြီးနည်းမမှန်သူတို့အားအင်မတန်သနားမိပါသည်။ နေဖို့ရန်အချိန်မရှိတော့ဘူး။ဆရာကောင်းရှာကြပါ။ *** ကိုယ့်စိတ်ကိုယ်စစ်ပါ။ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆမနေကြဘဲတရားအားထုတ်ခြင်းဖြင့် ဘ၀နေနည်း၊ သေနည်းကို လေ့လာဖို့ အချိန်တန်လေပြီ။ ကိုယ့်စိတ်ကိုယ်စစ် ကမ္မဋ္ဌာန်းရိပ်သာ
မူလကျေးဇူးတော်ရှင် သဲအင်းဂူဆရာတော်ဘုရားကြီးနှင့် ဆရာတော်ဘုရားကြီးများ၏ နည်းနိဿယများကိုခံယူကာ တရားရှင်းလင်းပြသပေးသူ ကိုကေသာဦးသည် ၂၀၀၆ ခုနှစ်မှစ၍ အိမ်တွင်းဝိပဿနာ၊ ခန်းမ၀ိပဿနာနှင့် ယောဂီများ၏နေအိမ်၊ ဟိုတယ်နှင့် မြန်မာစားသောက်ဆိုင်တို့တွင် လှည့်လည်ကာ ခန္ဓာကိုယ်တွေ့တရားများဖြင့် ဥာဏ်မှီသ၍ တရားပြရှုပွားပုံများကို သင်ပြပေးနေပြီး၊ ယခုအခါ မလေးရှားနိုင်ငံ - ကွာလာလမ်ပူမြို့တွင် ကိုယ့်စိတ်ကိုယ်စစ် ၀ိပဿနာတရား စခန်း ကို ဖွင့်လှစ်လျှက် အများသူငါ အယူမှား - အမှတ်မှား တို့ဖြင့် အပ္ပါယ်မလားစေရန် စိတ်စေတနာကောင်းဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် public holiday တိုင်း တရားအားထုတ်ပုံကို ရှင်းလင်းပြသ သင်ကြားပေးလျှက် ရှိနေပါသည်။ ပိုမိုသိရှိလိုပါက- Email: kotseikkosit@gmail.com, Website: http://kotseikkosit.multiply.com တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကို့ http://www.justin.tv/kotseikkosit တွင် ကြည့်ရှုနိုင်ပါသည်။ ကိုယ့်စိတ်ကိုယ်စစ်တရားစခန်းလမ်းညွှန် နေရာ - ကိုယ်စိတ်ကိုယ်စစ်(ကမ္မဋ္ဌာန်းရိပ်သာ)။ No.18, Jalan 13/105,(near Jalan Midah 15), Taman Midah Cheras,(near Tesco), Kuala Lumpur. လမ်းညွှန် - မက်ထရို(၆၂-၆၅) ကားကို (Mydin) ကုန်တိုက်ရှေ့ ဇေယျာစတိုးအနီးမှ စီး၍ Taman Midah မှတ်တိုင်တွင် ဆင်းပါ။ လာကြိုပေးပါမည်။ ဆက်သွယ်ရန် - ၀၁၆-၉၀၇၇၇၈၀၊ ၀၁၆-၂၀၅၅၃၃၄၊ ၀၁၂-၂၄၈၉၀၆၆၊ ၀၁၂-၂၁၇၄၈၆၅၊၀၁၂-၉၁၀၁၀၁၄၊ ၀၁၂-၉၃၁၇၆၀၇ (မှတ်ချက် ။ ။ ကိုယ့်စိတ်ကိုယ်စစ် ကမ္မဋ္ဌာန်းရိပ်သာသည် ၀င်ကြေးမရှိ - တရားအားထုတ်လိုသူများအတွက် သာသနာပြု ကုသိုလ်ဖြစ်ဖွင့်လှစ်ထားသော ရိပ်သာ ဖြစ်ပါသည်။ အစာအာဟာရများ၊ မွေ့ယာ-ခေါင်းအုံး အစစ ပြည့်စုံစွာ စီစဉ်ထားပါသည်။ MP 3 တရားစီဒီများကိုလည်း လှူဒါန်းပေးနေပါသည်။ အပတ်စဉ် တနင်္ဂနွေနေ့နှင့် Public Holiday နေ့တိုင်းတွင် တရားစခန်း ပုံမှန်ဖွင့်လှစ်သင်ကြားပေးနေပါသည်။ တရားစခန်းမလာနိုင်သူများအတွက် skype/oovoo တို့မှ kotseikkosit အကောင့်ကို invite လုပ်၍ လည်းကောင်း တိုက်ရိုက်http://www.justin.tv/kotseikkosit Live တရားများ ကျင့်ကြံနိုင်ပါသည်။ )

No comments:

Post a Comment