၂ဝ၁၄ တရုတ်နှစ်သစ်ကူး အထူး( ၉ ) ရက်တရားစခန်း ဖိတ်ကြားလွှာ


မူလသဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဋ္ဌ ၏ဆုံးမသြဝါဒ

"ရှေ့စိတ်ကတော်ချင်ရင် နောက်စိတ်ကတွန်းတင် ” “ သမာဓိနဲ့ပညာ ဘောင်ချိန်ပေး ” “ ဖေါက်ပြန်တာကရုပ် ခံစားတာကနာမ် ဒီအထဲမှ ‘ငါ’ မပါ ” “ မသေခင်တော့ရှုပ် သေတော့ပုပ်၊ မကောင်းတဲ့ ခန္ဓာစုတ် ” “ အဗျာကတ ရုပ်၊ မြေကြီးသြဇာဖြစ်မဲ့ အလကားအထုပ် ” မြင်တယ်၊ ကြားတယ်၊ နံတယ်၊ တောင့်တယ်၊ ကျင်တယ်၊ ကိုက်တယ်၊ နာတယ်၊ ပူတယ်၊ အေးတယ် အစရှိသည်များသည် မရှိသောပညတ် တရားများ ဖြစ်သည်။ ထို ‘ မရှိ ပညတ်တရားများကို အရှိ ’ ထင်ကာ အယူမှား၊ အမှတ်မှားနှင့် သံသရာလဆန်းတစ်ရက်နေ့ကတည်းက နေလာခဲ့ကြတာ။
ဘိုင်စကုတ်တောင် သုံးနာရီ ကြည့်နိုင်သေးတာပဲဗျာ အပါယ်ဘေးကလွတ်အောင် သုံးနာရီတရား မထိုင်နိုင်ကြဘူးလား။ အမှန်မြင်၊ အမှန်သိနဲ့ သေနိုင်အောင် ကြိုးစားကြ။ အမှန်မြင်၊ အမှန်သိနဲ့ သေကြပြီဆိုရင် နတ်ပြည်လည်း ရောက်နိုင်တယ်။ ဗြဟ္မာပြည်လည်း ရောက်နိုင်တယ်။ နိဗ္ဗာန်လည်း ရောက်နိုင်တယ်။ သေခါနီးဆဲဆဲဓာတ်ကြီး လေးပါး ဖေါက်ပြန်သောအခါ “ ခံစားမှုဝေဒနာ ” ဟု ပညာသိဖြင့် မသိဘဲ၊ “ ငါနာတယ်၊ ငါကိုက်တယ်၊ ငါအောင့်တယ်၊ငါပူတယ် ” ဟု အယူမှား အမှတ်မှား သညာသိဖြင့် သေခဲ့လျှင်မုချအပ္ပါယ်လေးပါး ကျပေလိမ့်မည်။ “ နာတယ်၊ ကျင်တယ်၊ ထုံတယ်၊ ယားတယ်လို့ သိတာ လူတိုင်းသိတယ်။ ကလေးလေးလည်း သိတာပဲ။ ” ၀ိပဿနာယောဂီဆိုတာ ဒီလိုမသိရဘူး။
*** သင်သေလျှင် ဘာစိတ်နဲ့သေမည်နည်း။ ဘာတွေကိုအာရုံပြု သေမှာလဲ။ ***တရားမကျင့်လျှင် လောဘ၊ဒေါသ၊မောဟ၊မာန၊ကိလေသာစိတ်တွေနဲ့ သေပြီအပါယ်ကျရမှာပါ။ ***တရားမကျင့်ဘဲ နေသူ၊ တရားမကျင့်ဘဲ သေသူ၊ တရားကျင့်ပြီးနည်းမမှန်သူတို့အားအင်မတန်သနားမိပါသည်။ နေဖို့ရန်အချိန်မရှိတော့ဘူး။ဆရာကောင်းရှာကြပါ။ *** ကိုယ့်စိတ်ကိုယ်စစ်ပါ။ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆမနေကြဘဲတရားအားထုတ်ခြင်းဖြင့် ဘ၀နေနည်း၊ သေနည်းကို လေ့လာဖို့ အချိန်တန်လေပြီ။
ကိုယ့်စိတ်ကိုယ်စစ် (ကမ္မဋ္ဌာန်းရိပ်သာ) မူလကျေးဇူးတော်ရှင် သဲအင်းဂူဆရာတော်ဘုရားကြီးနှင့် ဆရာတော်ဘုရားကြီးများ၏ နည်းနိဿယများကိုခံယူကာ တရားရှင်းလင်း ပြသပေးသူ ကိုကေသာဦးသည် ၂၀၀၆ ခုနှစ်မှစ၍ အိမ်တွင်းဝိပဿနာ၊ ခန်းမ၀ိပဿနာနှင့် ယောဂီများ၏နေအိမ်၊ ဟိုတယ်နှင့် မြန်မာစားသောက်ဆိုင်တို့တွင် လှည့်လည်ကာ ခန္ဓာကိုယ်တွေ့တရားများဖြင့် ဥာဏ်မှီသ၍ တရားပြရှုပွားပုံများကို သင်ပြပေးနေပြီး၊ ယခုအခါ မလေးရှားနိုင်ငံ - ကွာလာလမ်ပူမြို့တွင် ကိုယ့်စိတ်ကိုယ်စစ် ၀ိပဿနာတရား စခန်း ကို ဖွင့်လှစ်လျှက် အများသူငါ အယူမှား - အမှတ်မှား တို့ဖြင့် အပါယ်မလားစေရန် စိတ်စေတနာကောင်းဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် public holiday တိုင်း တရားအားထုတ်ပုံကို ရှင်းလင်းပြသ သင်ကြားပေးလျှက် ရှိနေပါသည်။

ပိုမိုသိရှိလိုပါက-

Email: kotseikkosit@gmail.com
Website: သင်ဘာစိတ်နဲ့သေမည်နည်း - http://kotseikkosit.blogspot.com/ || http://www.youtube.com/kotseikkosit
ဒေါင်းလိုပါက - http://www.mediafire.com/?sa55u0uvgtal6 တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကို http://www.justin.tv/kotseikkosit ကြည့်ရှုနိုင်ပါသည်။

ကိုယ့်စိတ်ကိုယ်စစ်တရားစခန်းလမ်းညွှန် နေရာ - ကိုယ်စိတ်ကိုယ်စစ်(ကမ္မဋ္ဌာန်းရိပ်သာ)။ No.18, Jalan 13/105,(near Jalan Midah 15), Taman Midah Cheras, (near Tesco), Kuala Lumpur.
လမ်းညွှန် - မက်ထရို(၆၂-၆၅) ကားကို (Mydin) ကုန်တိုက်ရှေ့ မှ စီး၍ Taman Midah မှတ်တိုင်တွင် ဆင်းပါ။ လာကြိုပေးပါမည်။
ဆက်သွယ်ရန် - ၀၁၆-၉၀၇၇၇၈၀၊ ၀၁၆-၂၀၅၅၃၃၄၊ ၀၁၂-၂၄၈၉၀၆၆၊ ၀၁၂-၂၁၇၄၈၆၅၊၀၁၂-၉၁၀၁၀၁၄၊ ၀၁၂-၉၃၁၇၆၀၇
မှတ်ချက် ။ ။ ကိုယ့်စိတ်ကိုယ်စစ် ကမ္မဋ္ဌာန်းရိပ်သာသည် ၀င်ကြေးမရှိ - တရားအားထုတ်လိုသူများအတွက် သာသနာပြု ကုသိုလ်ဖြစ်ဖွင့်လှစ်ထားသော ရိပ်သာ ဖြစ်ပါသည်။
အစာအာဟာရများ၊ မွေ့ယာ-ခေါင်းအုံး အစစ ပြည့်စုံစွာ စီစဉ်ထားပါသည်။ MP 3 တရားစီဒီများကိုလည်း လှူဒါန်းပေးနေပါသည်။

အပတ်စဉ် တနင်္ဂနွေနေ့နှင့် Public Holiday နေ့တိုင်းတွင် တရားစခန်း ပုံမှန်ဖွင့်လှစ်သင်ကြားပေးနေပါသည်။ တရားစခန်းမလာနိုင်သူများအတွက် skype/oovoo တို့မှ kotseikkosit အကောင့်ကို invite လုပ်၍ လည်းကောင်း တိုက်ရိုက် http://www.justin.tv/kotseikkosit Live တရားများ ကျင့်ကြံနိုင်ပါသည်။

No comments:

Post a Comment