မှော်ဘီ သဲအင်းဂူ ဆရာတော် ဦးပုညသေဋ္ဌ ၏ (၃) ရက် အထူးတရားစခန်း

                                              

''တရားစခန်းဖိတ်ကြားခြင်း''


ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ နှောကုန်းကျေးရွာ သဲအင်းဂူကမ္မဋ္ဌာန်းကျောင်းတိုက်
ကမ္မဌာနစရိယဆရာတော် ဦးပုညသေဋ္ဌ ၏ ကိုယ်ရေးရာဇ၀င် အကျဉ်း 
       ဆရာတော်သည် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်း၌ မြို့ပြအင်ဂျင်နီယာဌာနတွင် ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေရာမှ ၁၉၈၈ ခုနှစ် တက္ကသိုလ်ကျောင်းတော်ကြီးများ ပိတ်ထားစဉ်ကာလတွင် ဘ၀ သံဝေဂတရားများရရှိကာ သဲအင်းဂူ ကမ္မဋ္ဌာန်းကျောင်းတိုက် ဒုတိယသဲအင်းဂူဆရာတော်ကြီး ဘဒ္ဒန္တ၀ါယမကိုဥပဇ္ဇုယ်ပြုကာ မြင့်မြတ်သော သာသနာတော်သို့ ၀င်ရောက်ခဲ့ပါသည်။ ဆရာတော် သည် မြွေကိုက်ခံရ၍ နိမ္မာနရတိနတ်ပြည်သို့ ရောက်ရှိခဲ့ဖူးသော ထင်ရှားသည့် ရဟန်းတစ်ပါးဖြစ်သည်။ ဆရာတော်သည် ရဟန်းတရားကို ကြီးမားသော သဒ္ဓါ-၀ီရိယ-သတိ-သမာဓိ-ပညာတို့ဖြင့် အားထုတ်ထားသော ထူးခြားထက်မြက်သည့် ရဟန်းတစ်ပါး ဖြစ်သည်။

ဆရာတော် ဦးပုညသေဋ္ဌ မလေးရှား ပီနန်း ဗောဒိဟတ် ရိပ်သာတွင် တွင်ဝါဆိုမည်.။

ဝါဆိုဦး (၃)ရက် တရားစခန်းကို ကိုယ့်စိတ် ကိုယ်စစ် ကမ္မဋ္ဌာန်းရိပ်သာတွင် (၁၉-၂ဝ-၂၁/ ဇူလိုင် ၂ဝ၁၃) ကျင်ပပေးမည်...။


''မှော်ဘီ သဲအင်းဂူ ဆရာတော် ဦးပုညသေဋ္ဌ ၏ (၃) ရက် အထူးတရားစခန်း''
မလေးရှားနိုင်ငံမှ ဓမ္မမိတ်ဆွေ ယောဂီသူတော်စင် အပေါင်းတို့ခင်ဗျား-
ဓမ္မမိတ်ဆွေများအတွက် တရားဓမ္မနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ သတင်းကောင်း တစ်ခု အခွင့်အရေးတစ်ခုကို နိဗ္ဗာန်အကျိုးမျှော်လျှက် နှိုးဆော် သိစေအပ်ပါသည်။ မှော်ဘီသဲအင်းဂူ ဆရာတော် ဦးပုညသေဋ္ဌသည်   မြန်မာပြည်ရှိ သဲအင်းဂူမှော်ဘီ ဌာနချုပ်တွင် မအားသည့်ကြားမှ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ကိုယ့်စိတ်ကိုယ်စစ် ကမ္မဋ္ဌာန်းရိပ်သာသို့   ကြွရောက်ကာ ၀ိပဿနာ အလုပ်ပေးတရားများကို (၃)ရက်တိုင်တိုင်   ဟောပြောသင်ကြားပြသပးမည် ဖြစ်ပါသည်။

ဆရာတော် ဦးပုညသေဋ္ဌ (မှော်ဘီ သဲအင်းဂူ) သည် တရားအားထုတ်ပြီး တရားမတွေ့သေးသူများ၊ တရားကိုတစ်ခါမှ အားမထုတ်ဘူးသေးသူများ၊ သေပေါက်သေ၀ ရောက်နေသူများကို တစ်ထိုင်တည်းနှင့် ဒိဋ္ဌိဖြုတ် အပါယ်လွတ်အောင် ထင်ထင်ရှားရှား တရားပြသကယ်တင်သင်ပေးနိုင်ပြီး သဲအင်းဂူ
မှော်ဘီဌာနချုပ်တွင် ၁၂လ ရာသီလုံး အချိန်မရွေး လာရောက်တရားအားထုတ်သော ယောဂီများအား တရားနားလည်ကာ အပါယ်လွတ်အောင် ပြသပေးနိုင်သော ဉာဏ်ထူးရှိကာ ထူးခြားသော ရဟန်းဖြစ်၍ မတွေ့လိုက်ရ မဖူးလိုက်ရ မဖြစ်ရလေအောင် မေတ္တာဖြင့် ဖိတ်ကြား အသိပေး   ကြေညာအပ်ခြင်း ဖြစ်ပါသည်။

နေ့ရက် - (၁၉.၀၇.၂၀၁၃) မှ (၂၁.၀၇.၂၀၁၃) သောကြာ-စနေ-တနင်္ဂနွေ (၃)ရက်တိုင်တိုင်။
နေရာ - ကိုယ့်စိတ်ကိုယ်စစ် ကမ္မဋ္ဌာန်းရိပ်သာ၊ ကွာလာလမ်ပူမြို့
မှတ်ချက် ။ ။ ၁၈.၀၇.၂၀၁၃ နေ့ညနေ အရောက်လာရောက်ကြပါရန်။ ယောဂီဟောင်း၊ ယောဂီသစ်များ- ကြိုတင်စာရင်းပေးနိုင်ပြီး ၊ ယောဂီဦးရေ ကန့်သတ်ထားသည်။

တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကို့ http://www.justin.tv/kotseikkosit တွင် ကြည့်ရှုနိုင်ပါသည်။
ကိုယ့်စိတ်ကိုယ်စစ်တရားစခန်းလမ်းညွှန်

နေရာ - ကိုယ်စိတ်ကိုယ်စစ်(ကမ္မဋ္ဌာန်းရိပ်သာ)။ No.18, Jalan 13/105,(near Jalan Midah 15), Taman Midah Cheras,(near Tesco), Kuala Lumpur.

လမ်းညွှန် - မက်ထရို(၆၂-၆၅) ကားကို (Mydin) ကုန်တိုက်ရှေ့ အိုအေစစ် စားသောက်ဆိုင် ရှေ့မှ စီး၍ Taman Midah မှတ်တိုင်တွင် ဆင်းပါ။ လာကြိုပေးပါမည်။

ဆက်သွယ်ရန် - ၀၁၆-၉၀၇၇၇၈၀၊ ၀၁၆-၂၀၅၅၃၃၄၊ ၀၁၂-၂၄၈၉၀၆၆၊ ၀၁၂-၂၁၇၄၈၆၅၊၀၁၂-၉၁၀၁၀၁၄၊ ၀၁၂-၉၃၁၇၆၀၇

(မှတ်ချက် ။ ။ ကိုယ့်စိတ်ကိုယ်စစ် ကမ္မဋ္ဌာန်းရိပ်သာသည် ၀င်ကြေးမရှိ - တရားအားထုတ်လိုသူများအတွက် သာသနာပြု ကုသိုလ်ဖြစ်ဖွင့်လှစ်ထားသော ရိပ်သာ ဖြစ်ပါသည်။ အစာအာဟာရများ၊ မွေ့ယာ-ခေါင်းအုံး အစစ ပြည့်စုံစွာ စီစဉ်ထားပါသည်။

MP 3 တရားစီဒီများကိုလည်း လှူဒါန်းပေးနေပါသည်။ အပတ်စဉ် တနင်္ဂနွေနေ့နှင့် Public Holiday နေ့တိုင်းတွင် တရားစခန်း ပုံမှန်ဖွင့်လှစ်သင်ကြားပေးနေပါသည်။ တရားစခန်းမလာနိုင်သူများအတွက် skype/oovoo တို့မှ kotseikkosit အကောင့်ကို invite လုပ်၍ လည်းကောင်း တိုက်ရိုက် Live တရားများ ကျင့်ကြံနိုင်ပါသည်။ )


''ပီနန်း''တွင်ဝါဆိုမည်..
စင်္ကာပူ (ဆက်သွယ်ရန်- +၆၅ ၉၁၄၁၃၉၃၁၊ +၆၅ ၆၄၇၉၇၆၁၄ - ဦးတင်ဝင်း+ဒေါ်စိုးစိုး)
ခရီးစဉ်များသို့ ဆက်လက်ကြွရောက် တရားပြသပေးမည် ဖြစ်ပါသည်။

မေတ္တာဖြင့်