ကွာလာလမ်ပူမြို့ ကိုယ့်စိတ်ကိုယ်စစ် တရားရိပ်သာ မှ သာဓုအနုမောဒနာ ကျေးဇူးတင်လွှာ

ကွာလာလမ်ပူမြို့ ကိုယ့်စိတ်ကိုယ်စစ် တရားရိပ်သာ မှ သာဓုအနုမောဒနာ ကျေးဇူးတင်လွှာ
``ကိုယ့်စိတ် ကိုယ်စစ်´´ ကမ္မဋ္ဌာန်းရိပ်သာ သည် မူလကျေးဇူးတော်ရှင်သဲအင်းဂူဆရာတော်ဘုရားကြီးနှင့်ဆရာတော် ဘုရားကြီးများ၏ နည်းနိဿယများကိုခံယူကာ မလေးရှား နိုင်ငံတွင် ရောက်ရှိပြီး တရားအားထုတ်လိုသူများအတွက် ဖွင့်လှစ်ထားသော တရားရိပ်သာတစ်ခုဖြစ်ပါသည်။ မလေးရှားနိုင်ငံ-ကွာလာလမ်ပူမြို့ ``ကိုယ့်စိတ် ကိုယ်စစ်´´ ကမ္မဋ္ဌာန်းရိပ်သာ တွင် အပတ်စဉ် တနင်္ဂနွေတစ်နေ့တာ တရားစခန်းနှင့်အတူ public holiday ၊ တရုတ်နှစ်သစ်ကူ၊ မလေးနှစ်သစ်ကူး စသော အားလပ်ရက်ရှည်များတွင် ၇ရက်-၅ရက် တရားစခန်း များ ကို ဖွင့်လှစ်လျှက် အများသူငါ - အယူမှား-အမှတ်မှားတို့ဖြင့် အပါယ်မလားစေရန် စေတနာမှန်ဖြင့် တရားအားထုတ်ပုံကို ရှင်းလင်းပြသ သင်ကြား ပေးလျှက်ရှိရာ - ၂၀၁၁ ဒီဇင်ဘာ ၃ ရက် နှင့် ၄ ရက်တွင် အောင်လံ သဲအင်းဂူကျောင်း ဆရာတော် အရှင်စန္ဒိမာ မှ အထူး အဓိဌါန် (၂) ရက် တရားစခန်းကိုလည်းကောင်း၊
၂၀၁၂ ခု မလေးရှားနိုင်ငံ တရုတ်နှစ်သစ်ကူး အခါ သမယတွင် ကျာက်ပန်းတောင်း သဲအင်းဂူရိပ်သာ ဆရာတော် မဟာကမ္မဌာနာစရိယ ဦးဓမ္မသာမိ မှ (၇) ရက်တရားစခန်းကိုလည်းကောင်း၊
ဖွင့်လှစ်လျှက် ဘ၀နေနည်း၊ သေနည်း နှင့်တကွ နိဗ္ဗါန်ရောက်ကြောင်း တရားများကို လမ်းညွှန်ပြသပေးခဲ့ပါသည်။ ထို့ပြင် ကိုယ့်စိတ်ကိုယ်စစ် တရားရိပ်သာ ကမ္မဌါန်းနည်းပြ ကိုကေသာဦးမှလည်း ၂၀၀၆ ခုနှစ်မှစ၍ အိမ်တွင်းဝိပဿနာ၊ ခန်းမ၀ိပဿနာ နှင့် ယောဂီများ၏နေအိမ်၊ ဟိုတယ် နှင့် မြန်မာ စားသောက်ဆိုင်တို့တွင် လှည့်လည်ကာ ခန္ဓာကိုယ်တွေ့တရားများဖြင့် ဥာဏ်မှီသ၍ တရားပြ ရှုပွားပုံများကို သင်ပြပေးခဲ့ရာ -၂၀၁၂ ခု ဖေဖော်ဝါရီလ ဆန်း၅-၆ ရက်တွင် ပီနန်မြို့၊ ဘူကစ်တင်ကတ် TESCO ကုန်တိုက်အနီးတွင် ကို မင်းဇော်ဦး + မသူဇာဝင်း နှင့် ကိုစည်သူတို့ စီစဉ်မှုဖြင့် အိမ်တွင်း ၀ိပဿနာ တရားစခန်း ကိုဖွင့်လှစ် ကာ
ကိုယ့်စိတ်ကိုယ်စစ် တရားရိပ်သာ ဖွင့်လှစ်သည့် အချိန်မှ စပြီး ဘ၀နေနည်း၊ သေနည်း နှင့်တကွ နိဗ္ဗါန်ရောက်ကြောင်း တရားများကို လာရောက် လမ်းညွှန်ပြသပေးခဲ့ကြသော - တရားပြ-တရားဟော ဆုံးမတော်မူခဲ့သော ကျေးဇူးရှင်ဆရာတော်ကြီးများ ၊ ဆရာသမား အပေါင်းတို့အားလည်းကောင်း၊ - တရားစခန်းဖြစ်မြောက်ရေး ဦးစီး စီစဉ်ပေးကြသူများအားလည်းကောင်း၊ - တရားစခန်းအတွင်း ယောဂီများ အေးချမ်းစွာ တရားအားထုတ်နိုင်ရန် အစားအသောက်နှင့်တကွ လိုအပ်သည်များကို - လှူဒါန်းပေးကြသော အလှူရှင်များအားလည်းကောင်း၊ - ကိုယ်ကျိုးမဖက် ရိပ်သာတွင် လိုအပ်သမျှ ကို မငြီးမငြူ ဆောင်ရွက်ပေးနေသည့် ဝေယျဝစ္စအဖွဲ့အားလည်းကောင်း၊ - တရားစခန်းကိုလာရောက် တရားဝင် တရားအားထုတ်ကြသော ယောဂီ သူတော်စင်အပေါင်းတို့အားလည်းကောင်း၊ - သယ်ယူပို့ဆောင်ရေးမှအစ ကူညီဆောင်ရွက်ပေးကြသော ဓမ္မမိတ်ဆွေအပေါင်းတို့အားလည်းကောင်း၊ - တရားစခန်းရက်အတွင်း တစ် ညတာ တရားပွဲ ဟောပြော ဆုံးမပေးခဲ့သော မှော်ဘီသဲအင်းဂူကျောင်းဆရာတော် ဦးပုညသေဋ္ဌ နှင့် - စင်ကာပူ နိုင်ငံမှ လာရောက် တရားကူညီပြသပေးသော ဦးတင်ဝင်း + ဒေါ်စိုးစိုး တို့အားလည်းကောင်း၊ - တရားစခန်း အတွက် မှတ်တမ်း၊ ဓါတ်ပုံ ၊ ဗွီဒီယို ရိုက်ကူးပေးသူများအားလည်းကောင်း၊ - တရားစခန်းရက်အတွင်း ကူညီတရားရှင်းပြပေးသော တရားရိပ်သာ ကမ္မဌါန်းနည်းပြ ကိုကေသာဦး၏ ဖခင် (တလွန်မင်းလှငွေ- စာရေးဆရာ)အားလည်းကောင်း ကျွန်တော်များ မလေးရှားနိုင်ငံ ကွမ်လာလမ်ပူမြို့ ၊ ကိုယ့်စိတ်ကိုယ်စစ် တရားရိပ်သာ အကျိုးဆောင်အဖွဲ့မှ အထူးမှတ်တမ်းတင် ကျေးဇူးတင်ရှိပါကြောင်းနှင့် ကိုယ့်စိတ်ကိုယ်စစ် တရားရိပ်သာ တွင် ပြုလုပ်ခဲ့သမျှသော ကျွန်ုပ်တို့၏ ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာ ကုသိုလ် အစုစုတို့ကိုလည်း အားလုံးသော ၃၁ နေ သတ္တ၀ါအပေါင်းတို့အား ကျွနု်ပ်တို့နှင့် အတူ ထပ်တူထပ်မျှ ညီတူညီမျှ ရရှိကြပါစေကြောင်း ကုသိုလ် အမျှပေးဝေအပ်ပါသည်။ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် ၀မ်းမြောက်စွာ သာဓု ခေါ်နိုင်ကြပါစေ။ သာဓု၊ သာဓု၊ သာဓု
မေတ္တာဖြင့် ကိုယ့်စိတ်ကိုယ်စစ် ကမ္မဌါန်းရိပ်သာ အကျိုးဆောင်အဖွဲ့